ပြည်ပရောက်မြန်မာများကို ဦးသိန်းစိန် ထပ်မံဖိတ်ခေါ်

0

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အမိနိုင်ငံ တိုးတက်ရေး အတွက် ပြည်ပရောက် တတ်သိ ပညာရှင်တွေ စီးပွားရေး လုပ်ငန်းရှင်တွေ ပြန်လာကြဖို့ သမ္မတ ဦးသိန်းစိန် က မနေ့က ဖိတ်ခေါ်လိုက်ပါတယ်။ အခုအခြေအနေမှာ ငွေကြေးအရင်းအနှီး အပြင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး လိုအပ်ချက်တွေ ရှိနေပြီဖြစ်လို့ နိုင်ငံခြားတိုင်းပြည် အသီးသီးမှာ အကြောင်း အမျိုးမျိုးကြောင့် ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာရေးကို သူ ဖိတ်ခေါ်နေပါတယ် လို့ဆိုပါတယ်။ (more…)

ကျောင်းမနေနိုင်သည့် ကလေးများအတွက် ထောက်ပံ့ရန်စီစဉ်

0

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းမနေနိုင်သည့် ကလေးများအတွက် လိုအပ်သည်များကို အလှူရှင်များနှင့် ညှိနှိုင်း၍ ထောက်ပံ့မှုပြုလုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ကျောင်းမနေနိုင်သည့် ကလေးများကို မြို့နယ် ပညာရေးမှူးရုံးများမှ တစ်ဆင့် စာရင်း ကောက်ခံခိုင်းထားကြောင်း၊ အချို့ ကျောင်းအပ်နိုင်သော်လည်း ကျောင်းသုံးပစ္စည်းများ မဝယ်ယူနိုင်ခြင်းကြောင့် ထောက်ပံ့မှုများ ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ လှူဒါန်း ရန်အတွက် အလှူရှင်များမှ လာရောက် ဆက်သွယ်ခြင်းများ ရှိနေကြောင်း သိရသည်။ ”ရန်ကုန် တိုင်းဒေသကြီးအတွင်းက ကျောင်းမနေနိုင်တဲ့ ကလေးတွေကို မြို့နယ် ပညာရေးမှူးရုံး တွေကနေတစ်ဆင့် စာရင်းကောက်ခိုင်းထားပါတယ်။ အဲဒီကလေးတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ရော၊ အလှူရှင်တွေနဲ့ ညှိနှိုင်းပြီး ထောက်ပ့ံမှုတွေ လုပ်သွားပါမယ်။ အချို့ကလေးတွေက ကျောင်းမအပ်နိုင်ဘူး။ ကျောင်းသုံး ပစ္စည်းတွေ မဝယ်နိုင်ဘူး။ အချို့ ကလေးတွေကျတော့ ကျောင်းတော့ အပ်နိုင်တယ်။ ကျောင်းသုံးပစ္စည်းတွေ မဝယ်နိုင်ပါဘူး”ဟု အစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။ Source: Weekly Eleven

အပြန်အလှန် တိုက်ခိုက်မှုမျိုး မရှိဘဲ ထိုင်းစွပ်စွဲမှုကို DKBA ဆက်လက်တုန့်ပြန်သွားမည်

0

ထိုင်းအစိုးရက ဗိုလ်ချုပ် စောလားပွယ်အား မူးယစ်ရာဇာအဖြစ် စွပ်စွဲပြောဆိုမှုများ ရပ်ဆိုင်းသွားခြင်းမရှိပဲ အခြေအနေ ဆက်လက် တင်းမာ ပါက ဒေသခံလူထုကို ထိခိုက်စေမည့် တိုက်ခိုက်မှုမျိုး မရှိအောင် ဆက်လက် တုန့်ပြန်သွားမည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော် (DKBA)က ပြောကြားလိုက်သည်။ DKBA ကလို့ထူးဘော ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ်က ၎င်းအပေါ် ထိုင်းအစိုးရ၏ စွပ်စွဲချက်ကို အတတ်နိုင်ဆုံး ငြိမ်းချမ်းသော နည်းဖြင့် ဆက်လက် ဖြေရှင်းသွားမည်ဟု ပြောသည်။ “ကျနော့်အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်။ ပြည်သူလူထုကို ချစ်တယ်။ တိုက်ပွဲတွေကြောင့် ပြည်သူတွေ အများကြီး ဒုက္ခရောက်ကြတယ်။ (more…)

သရုပ်ဆောင်ကျော်သူ ရုပ်ရှင်ရိုက်ခွင့်ပြန်ရ

0

ရုပ်ရှင်ရိုက်ကူးခွင့်အား အစိုးရမှ နှစ်ရှည်ပိတ်ပင်ခြင်းခံထားရသည့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ ကျော်သူအား မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ရုပ်ရှင်ရိုက်ခွင့်အား ပြန်လည်ပေးအပ်လိုက်ပြီဖြစ်ကြောင်း ယင်းရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၏ ပြောကြားချက်အရ သိရသည်။ (more…)

နိုင်ငံတော်သမ္မတရုံး Website သို့အကြံပြုချက်

0

နိုင်ငံတော် သမတရုံး official website ကိုဝမ်းမြောက်စွာ ကြိုဆိုသလို လိုအပ်ချက် တစ်ချို့ကိုလည်း အပြုသဘော ဝေဖန် အကြံပြုလိုပါတယ်။ အကြံပြုလိုတာ လေးတွေက ရိုးရိုးရှင်းရှင်းနဲ့ အင်ဖော်မေးတစ် ဖြစ်စေခြင်ပါတယ်။ အခုတွေ့နေရတဲ့ site ဟာ မြန်မာ website တွေရဲ့ ထုံးစံအတိုင်း ဖြတ်ညှပ်ကပ်တွေ၊ သုံးချင်တဲ့ အရောင်တွေကို သုံးချင်သလို match မဖြစ်ပဲ သုံးထားတာတွေနဲ့ အပျော်တမ်း အဆင့် နဲ့ အလကားရတဲ့ CRM တွေသုံးပြီး အပျော်တမ်းအဆင့် တွေနဲ့ မရေးစေချင်ပါဘူး။ ဒါဟာ မြန်မာနိုင်ငံရဲ့ image တစ်ခုပါ။ အောက်မှာ နိုင်ငံတကာက အစိုးရ သမတရုံးတွေရဲ့ official website တွေကိုလေ့လာ စေချင်တယ်။ (more…)

နှစ်သိန်းဖုန်းများ အာမခံမလိုဘဲ အကြွေးဝယ်နိုင်

0

ကျပ်နှစ်သိန်းဖြင့် ရောင်းချနေသော GSM ဖုန်းများ ၊နှစ်သိန်းခွဲတန် WCDMဖုန်းများကို အာမခံပေးသူ မလိုပဲ မေလ ဒုတိယပါတ်မှ ထစတင်ကာ အရစ်ကျ ရောင်းချပေးမည် ဖြစ်ကြောင်း ၄င်းတို့နှင့် ချိတ်ဆက် ဆောင်ရွက် နေသည် ထူးကုမဏီပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ခံ ဒေါ်သီတာလွင်က ပြောကြားသည်။ (more…)

ထိရောက်သောပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တိုက်တွန်း

0

ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၏ အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲ လုပ်ဆောင်မှုများကို ရှေးကနှင့် မတူဘဲ စိတ်ဓာတ်အရ လည်းကောင်း၊ လူထု ဆက်ဆံရေးအရ လည်းကောင်း၊ ပြည်သူ့ အကျိုးစီးပွား အတွက် ပြည်သူများကို မိမိတို့၏ မိဘသဖွယ် တိုးတက်အောင် ကူညီ စောင့်ရှောက်ရေးနှင့် ပြည်သူမလိုလားသော လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိ လိုက်စားမှုများ၊ ဆက်ဆံရေး မပြေပြစ်မှုများကို ရှောင်ရှား ကြရေးအတွက် အဓိကဦးစားပေး ပြောင်းလဲလာအောင် ကြပ်မတ်ကြိုးပမ်း ဆောင်ရွက် သွားကြစေလိုကြောင်း၊ (more…)

တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးကိုပါ စဉ်းစားဖို့ ရင်းနှီးမြှုပ်နှံသူများကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

0

မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေနဲ့ ဖွံဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ကြမယ် ဆိုရင် မြန်မာပြည်မကြီး တင်မဟုတ်ဘဲ မြန်မာတိုင်းရင်းသား လူနည်းစု ဒေသတွေမှာပါ သွားရောက် လုပ်ဆောင်ကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပါတယ်။ မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံတွေက အရေးယူ ပိတ်ဆို့မှုတွေ ရုပ်သိမ်းလာတဲ့ တချိန်တည်း မှာ နိုင်ငံတကာက မြန််မာနိုင်ငံတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံဖို့ ပိုပြီး စိတ်ဝင်စားမှု တိုးလာကြပါတယ်။ (more…)

အပြီးသတ်အမိန့်ချမှတ်မည့် သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အမှု

0

သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အား တရား စွဲဆိုထားမှုနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် မေ ၂၃ ရက်နေ့ နံနက် ၁၀ နာရီတွင် အပြီးသတ် အမိန့်ချမည် ဖြစ်ကြောင်း သိရှိရပါသည်။ ဒဂုံမြို့နယ်တရားရုံ၌ နှစ်ဘက်ရှေ့နေများက ယနေ့နံနက်တွင် လျှောက်လဲချက် ပေးခဲ့ကြောင်း သိရှိသည်။ တရားခွင်သို့ မြန်မာ စာနယ်ဇင်းသမဂ္ဂ (Myanmar Journalist Union) ဖြစ်မြောက်ရေး ဦးဆောင် လှုပ်ရှားနေသူများ အပါအဝင်၊ ပြည်တွင်းနှင့် နိုင်ငံခြား သတင်းထောက် အချို့ လာရောက် သတင်းရယူခဲ့ကြောင်း သိရှိရသည်။

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သစ်ကို တိုင်းရင်းသား အဖွဲ့အစည်းများ ကြိုဆို

0

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သစ်တွင် ဆုံးဖြတ်ချက် ချနိုင်သည့် ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်လာသဖြင့် နိုင်ငံရေးပြဿနာ ဖြေရှင်းရာတွင် ထိရောက်မည်ဟု မျှော်လင့်ရကြောင်း တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လေ့လာသူများက ကြိုဆိုလိုက်သည်။နိုင်ငံတော် သမ္မတ၊ ဒု-သမ္မတများနှင့် တပ်မတော် ထိပ်တန်းခေါင်းဆောင်များလည်း ပါဝင်လာသဖြင့် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုတွင် ယခင်ထက် ပို၍ ထိထိရောက်ရောက် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်နေကြခြင်း ဖြစ်သည်။“တာဝန်ရှိ ပုဂ္ဂိုလ်အားလုံးလိုလို ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ပါဝင်တဲ့အတွက်ကြောင့် ဒီဟာကိုတော့ ကြိုဆိုရမှာ ဖြစ်တယ်။ (more…)

Go to Top